Author: Admin

  • ခြေပိတ်ဖိနပ်၊ ရှူးဖိနပ်ဝတ်တဲ့သူတွေ ဘာကြောင့် ခြေနံ့ နံရလဲ

    ခြေပိတ်ဖိနပ်၊ ရှူးဖိနပ်ဝတ်တဲ့သူတွေ ဘာကြောင့် ခြေနံ့ နံရလဲ

    လူတချိုက ရှူးဖိနပ်၊ ဖိနပ်အပိတ် တွေ စီးတဲ့အခါ ခြေထောက်က အနံ့ဆိုး ထွက်တတ်ကြတယ်။ တချိုဆို ရိုးရိုး ခြေညှပ်ဖိနပ်နဲ့တောင် အနံ့ထွက်တယ်။ အဲဒီ အနံ့က အရမ်းဆိုးတယ်။ လူမှုရေးဒုက္ခ များစွာပေးတယ်။ အလုံခန်း၊ အဲယားကွန်း ခန်းထဲမှာဆို ကျန်တဲ့သူတွေ မနေနိုင် လောက်အောင် ဖြစ်စေတယ်။ ဒီလိုအနံ့ ထွက်တဲ့ အကြောင်းရင်းက ခြေဆီနဲ့ ဗက်တီးရီးယားပိုး ထိတွေ့ရာက ပေါက်ပွား လာလို အနံ့ထွက်တာပါ။ ကောင်းကောင်း မခြောက်တဲ့ ခြေအိတ်ဝတ်ထားရင် ပိုဆိုး ပါတယ်။ ခြေထောက်ကထွက်တဲ့ ချွေး၊ အဆီ၊ ခြေအိတ်က မခြောက်တာ၊ မသန့်ရှင်းတာတွေနဲ့ လှောင်ပိတ်တဲ့နေရာ မှာ ပေါက်ဖွားတဲ့ ဗက်တီးရီးယားပိုးတွေ ဓာတ်ပြုပြီး အနံ့ဆိုးထွက်လာတာပါ။ ခြေနံ့မနံစေဖို့ ခြေထောက်ကို လုံးဝကောင်းမွန်စွာ ခြောက်သွေ့နေရစေပါမယ်။ ဖိနပ်တွေ…

  • မှဲ့များမှပြောသော အရေပြားကျန်းမာရေး

    မှဲ့များမှပြောသော အရေပြားကျန်းမာရေး

    မှဲ့ဆိုတာ ခန္ဓာကိုယ်အရေပြားတစ်နေရာမှာ အညိုအမည်းအစက်အနေနဲ့ ပေါ်လာတာကို ပြောတာပါ။ မှဲ့တစ်ခုချင်းလည်း ဖြစ်နိုင်သလို အုပ်စုလိုက် ပေါ်လာတာလည်း ရှိနိုင်ပါတယ်။

  • တံတောင်ဆစ်တို့၊ ခြေမျက်စိတို့မှာ အညိုအမည်းစွဲရခြင်း

    တံတောင်ဆစ်တို့၊ ခြေမျက်စိတို့မှာ အညိုအမည်းစွဲရခြင်း

    အဓိကအနေနဲ့ ပွတ်တိုက်မှုများလို့ ဖြစ်တာပါ။ အသားညိုတဲ့သူတွေ၊ မျိုးရိုးဗီဇအခံရှိသူတွေ၊ ထိခိုက်ပွတ်တိုက်မှုများသူတွေမှာ အများဆုံးဖြစ်ကြပါတယ်။ တင်ပလ္လင်ခွေထိုင်တဲ့အခါ ခြေမျက်စိကအပေါ် ခန္ဓာကိုယ်ဖိအားနဲ့ အောက်ခံကြမ်းခင်းကြားမှာ ဖိညပ်နေပြီး ပွတ်တိုက်တဲ့အတွက် အချိန်ကြာတဲ့အခါ အရေပြားတုံ့ပြန်မှုအနေနဲ့ အသားထူလာ၊ ကြမ်းလာပြီး အညိုအမည်းကွက်အနေနဲ့ တွေ့ရတာပါ။ ကုသရခက်ခဲပါတယ်။ အဓိကက ပွတ်တိုက်တာကို လုံးဝ ရှောင်ရပါမယ်။ ကုတ်တာ၊ ခြစ်တာ၊ ကြေးတွန်းကျောက်ခဲနဲ့ ပွတ်တာ၊ အဝတ်စကြမ်းကြမ်းနဲ့ပွတ်တာမျိုးတွေ အားလုံးပါတယ်။ ဆပ်ပြာလည်း လျှော့တိုက်ပါ။ ရေဆေး၊ ရေချိုးပြီးတိုင်း ဖွဖွသုတ်ပြီး ခရင်မ်ထူထူပျစ်ပျစ် ပုံမှန် လိမ်းပေးပါ။ Urea, Lactic acid, Petrolatum, Salycylic acid စတာတွေ ပါတာကို ရွေးချယ်ပါ။ #ဒေါက်တာစိုးဝင်းဦး အရေပြားအထူးကုဆရာဝန်ကြီး

  • လက်ယားနာ

    လက်ယားနာ

    လက်မှာဖြစ်နိုင်တဲ့ ဘယ်ယားနာမျိုးကို မဆို လက်ယားနာလို့ ခေါ်တယ်။ ဘာကြောင့် တခြားယားနာတွေလို နာမည် သတ်သတ်မှတ်မှတ် မရှိတာလဲလို့ မေးစရာရှိတယ်။ အဖြေက လက်ယားနာတွေဟာ အလုပ်အကိုင်၊ အနေအထိုင်တွေနဲ့ ဖြစ်ပွားရာမှာ ပတ်သက်မှု ရှိတယ်။ ဒါကြောင့် ကုသမှုမှာလည်း ဒီအချက်တွေကို ထည့် သွင်းစဉ်းစားရလို့ပါ။ လက္ခဏာတွေ အစပိုင်းမှာ လက္ခဏာတွေက သိပ်မသိသာလှ ဘူး။ နည်းနည်းဖြစ်လိုက် ပျောက်သွားလိုက် ဖြစ်တတ် တယ်။ ဂရုမစိုက်ရင်၊ မကုရင် တဖြည်းဖြည်း ပိုဆိုးလာ တယ်။ – လက်တွေ ခြောက်နေတယ်။ – နောက်မှာတော့ အနီရောင်အဖတ်ကွာတဲ့ ယားနာ အကွက် ပေါ်လာတယ်။ – အရည်ကြည်ဖု ပေါ်နိုင်တယ်။ အရည်ထွက်ပြီး ကွဲအက်တတ်တယ်။ – ပြည်ဖု၊ အနာဖေး စတာတွေ…

  • အလှဖျက်တဲ့ ဆားဝက်ခြံ

    အလှဖျက်တဲ့ ဆားဝက်ခြံ

    ဆားဝက်ခြံ ဆားဝက်ခြံဆိုတာကလည်း ဝက်ခြံပဲ ဖြစ်ပါတယ်။ ဆားဝက်ခြံရယ်၊ ရိုးရိုးဝက်ခြံရယ်ဆိုပြီး မရှိပါဘူး။ သတ်သတ်စီ ခွဲထားလို့ မရပါဘူး။ ဝက်ခြံရဲ့လက္ခဏာတွေထဲမှာ ဆားဝက်ခြံလို အဖုငယ်တွေ၊ ထိပ်မှာ အမည်းစက် ဖြစ်နေတာတွေ၊ ရောင်နေတဲ့အဖု၊ ပြည်ဖု၊ ပြည်တည်နေတဲ့ အနာကြီးတွေ အားလုံးပါဝင်ပါတယ်။ ဆားဝက်ခြံဖြစ်တတ်သူတွေ မျက်နှာအဆီထွက်များပြီး ချွေးပေါက်ပိတ်တတ်သူတွေမှာ ဆားဝက်ခြံအထွက်များပါတယ်။ တချို့က မျက်နှာအဆီ ထွက်များပေမဲ့ ချွေးပေါက်မပိတ်တတ်တဲ့အတွက် မျက်နှာအဆီပြန်တာပဲ ရှိတတ်တယ်။ ဝက်ခြံ မထွက်တတ်ပါဘူး။ တချို့ကျတော့ အဆီထွက်တာ အရမ်းမများဘူး။ ဒါပေမဲ့ ချွေးပေါက်ပိတ်တာများတော့ ဆားဝက်ခြံအထွက်များလာပါတယ်။ အဆီထွက်များပြီး ချွေးပေါက်ပိတ်တတ်သူတွေမှာတော့ ဆားဝက်ခြံအထွက်အများဆုံးပါ။ ချွေးပေါက်လို့ခေါ်ပေမဲ့ ချွေးအိတ်တင်မကဘဲ အဆီအိတ်တွေပါ ဒီအပေါက်ကနေပဲ အရေပြား မျက်နှာပြင်ပေါ်ကို ချွေးနဲ့ အဆီ စွန့်ထုတ်ကြတာပါ။ ချွေးပေါက်ပိတ်တော့ အဆီက အရေပြားမျက်နှာပြင်ပေါ် မထွက်နိုင်ဘဲ…

  • ဝက်ခြံတွေ ခဏခဏ ပြန်ထွက်နေလို့ စိတ်ညစ်နေရတဲ့သူတွေရှိလား

    အရေပြား အထူးကုဆရာဝန်ကြီး Dr. Soe Win Oo ရဲ့ အကြံပြုချက်လေးတွေကို လိုက်နာကြည့်လိုက်နော် #Acne #Sebium #EmpowerSkinHealth #BiodermaMyanmar

  • သင့်မျက်နှာက ပြောပြနေသည့် သင့်ကျန်းမာရေး

    သင့်မျက်နှာက ပြောပြနေသည့် သင့်ကျန်းမာရေး

    ခန္ဓာကိုယ်မှာ အမှတ်မိလွယ်ဆုံးနေရာဟာ သင့်မျက်နှာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက တစ်ဦးချင်း ခွဲခြားရ ခက်ခဲပေမဲ့ မျက်နှာကတော့ ခွဲခြားလို့ အကောင်းဆုံးပါ။