ခြေပိတ်ဖိနပ်၊ ရှူးဖိနပ်ဝတ်တဲ့သူတွေ ဘာကြောင့် ခြေနံ့ နံရလဲ

လူတချိုက ရှူးဖိနပ်၊ ဖိနပ်အပိတ် တွေ စီးတဲ့အခါ ခြေထောက်က အနံ့ဆိုး ထွက်တတ်ကြတယ်။ တချိုဆို ရိုးရိုး ခြေညှပ်ဖိနပ်နဲ့တောင် အနံ့ထွက်တယ်။ အဲဒီ အနံ့က အရမ်းဆိုးတယ်။ လူမှုရေးဒုက္ခ များစွာပေးတယ်။ အလုံခန်း၊ အဲယားကွန်း ခန်းထဲမှာဆို ကျန်တဲ့သူတွေ မနေနိုင် လောက်အောင် ဖြစ်စေတယ်။ ဒီလိုအနံ့ ထွက်တဲ့ အကြောင်းရင်းက ခြေဆီနဲ့ ဗက်တီးရီးယားပိုး ထိတွေ့ရာက ပေါက်ပွား လာလို အနံ့ထွက်တာပါ။ ကောင်းကောင်း မခြောက်တဲ့ ခြေအိတ်ဝတ်ထားရင် ပိုဆိုး ပါတယ်။ ခြေထောက်ကထွက်တဲ့ ချွေး၊ အဆီ၊ ခြေအိတ်က မခြောက်တာ၊ မသန့်ရှင်းတာတွေနဲ့ လှောင်ပိတ်တဲ့နေရာ မှာ ပေါက်ဖွားတဲ့ ဗက်တီးရီးယားပိုးတွေ ဓာတ်ပြုပြီး အနံ့ဆိုးထွက်လာတာပါ။

ခြေနံ့မနံစေဖို့

ခြေထောက်ကို လုံးဝကောင်းမွန်စွာ ခြောက်သွေ့နေရစေပါမယ်။ ဖိနပ်တွေ ကို ဆေးကြောပေးရမယ်။ နေလှန်းပေး ရပါမယ်။ အစိုမပြန်ဘဲ ခြောက်သွေ့နေ ရပါမယ်။ ခြေအိတ်တွေကို အမြဲ ပုံမှန် လဲပေးရမယ်။ ကော်တွန်သား ခြေအိတ် က ပိုကောင်းပါတယ်။ သေချာလျှော် ပြီး လုံးဝ ခြောက်သွေ့နေစေရပါမယ်။
ခြေထောက်အဆီ ထွက်တတ်ရင် ခြောက်အောင် ထုံးရည်ကြည်စိမ်ပေးလို ရတယ်။ တစ်ကြိမ်ကို ၅-၁၀ မိနစ်ကြာ၊ တစ်ရက် ၂ ကြိမ်ပြုလုပ်ပါ။ လိုအပ်ရင် ခြေထောက်နဲ့ ဖိနပ်မှာ ပေါင်ဒါမှုန့် ဖြူးထားပေးနိုင်တယ်။ ရေချိုးတိုင်း ခြေထောက်ကို ကြေးတွန်း၊ ဆပ်ပြာနဲ့ သန့်ရှင်းပေးရမယ်၊ ခြေသည်းတွေကို တိုအောင် ညှပ်ထားပေးရမယ်။

ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်ကြီး)